HOT LINE: +95 2 4061124, + 95 9 33039977

                                                   

 

တရုတ်ဘာသာဌာန

 

  • မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ရှိ တရုတ်ဘာသာဌာနသည် တရုတ်ဘာသာ စကားကို နိုင်ငံတကာအဆင့်မီ သင်ကြားနေသော ဌာနဖြစ်ပါသည်။
  • တရုတ်ဘာသာစကားသည် ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူဦးရေအများဆုံး သုံးစွဲ ပြောဆိုနေသော သာသာစကားဖြစ်ပါသည်။ ထို့အပြင် တရုတ်ဘာသာစကားသည် ကုလသမဂ္ဂလုပ်ငန်းသုံး ဘာသာစကားများအနက်မှ တစ်ခုဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအချို့ တွင်လည်း တရုတ်ဘာသာစကားကို နိုင်ငံခြားဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်း သင်ကြားနေပြီဖြစ်ပါသည်။
  • တရုတ်ဘာသာစကား တတ်မြောက်ခြင်းဖြင့် မိမိနိုင်ငံအတွင်းတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ပါသည်။ တရုတ်ဘာသာစကားကို နိုင်ငံတကာတွင် တွင်ကျယ် စွာအသုံးပြုနေကြသဖြင့် နိုင်ငံရပ်ခြားသို့ အလည်အပတ်သွားခြင်း၊ အလုပ်လုပ်ကိုင်ရန် အတွက် သွားရောက်ခြင်းများတွင်လည်း တရုတ်ဘာသာစကားတတ်မြောက်ထားပါက ပိုမိုအဆင်ပြေနိုင် ပါသည်။
  • တရုတ်ဘာသာစကား သင်ယူနေသော ကျောင်းသား၊ ကျောင်းသူများကို ကျောင်းပြီး ပါက ကုမ္ပဏီများမှ အလုပ်ပေးရန်အတွက် နှစ်စဉ်နှစ်တိုင်း စာမေးပွဲမတိုင်မီ လာရောက် ဆက်သွယ်လေ့ရှိကြပါသည်။ ထို့ကြောင့် တရုတ်ဘာသာ အဓိကဖြင့် ကျောင်းပြီးသော ကျောင်းသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ အလွန်ပင်များပြား လှပါသည်။

 

ဌာနမှူးများ

စဉ် အမည် ရာထူး တာဝန်ထမ်းဆောင်ခဲ့သည့်ကာလ
၁။ ဒေါ်ခင်ခင်ငြိမ်း  နည်းပြ ၁၉၉၇ - ၁၉၉၈
၂။ ဒေါ်စိန်စိန်ကြည် နည်းပြ ၁၉၉၈ - ၁၉၉၉
၃။ ဒေါ်ရင်ရင်ထွေး နည်းပြ ၁၉၉၉ - ၂၀၀၀
၄။ ဒေါ်သီသီရှိန် လ/ထ ကထိက ၂၀၀၀-၂၀၀၁
၅။ ဒေါ်ခင်ညွန့်ရီ  လ/ထ ကထိက ၂၀၀၁-၂၀၀၁
၆။ ဒေါ်သန်းသန်းရီ လ/ထ ကထိက ၂၀၀၂-၂၀၀၃
၇။ ဒေါ်ခင်မော်စိုး လ/ထ ကထိက ၂၀၀၃-၂၀၀၄
၈။ ဒေါ်အေးအေးမာ လ/ထ ကထိက ၂၀၀၄-၂၀၀၅
၉။ ဒေါ်သန်းသန်းဝင်း  လ/ထ ကထိက ၂၀၀၅-၂၀၀၆
၁၀။ ဒေါ်အေးအေးမာ ကထိက ၂၀၀၆-၂၀၁၄
၁၁။ ဒေါ်ခင်မော်စိုး ကထိက ၂၀၁၄-၂၀၁၅
၁၂။ ဒေါ်သန်းသန်းဝင်း  ကထိက ၂၀၁၅-၂၀၁၆
၁၃။ ဒေါက်တာခင်မိမိ  ကထိက ၂၉.၈.၂၀၁၆ မှ ၂၁-၃-၂၀၂၁ ထိ
၁၄။      
၁၅။ ဒေါက်တာခင်နှင်းရီ ပါမောက္ခ(ဌာနမှူး) ၁၀-၉-၂၀၂၁ မှ ယနေ့ထိ

 

ဌာန မိသားစုများ

 

စဉ် အမည် ရာထူး
၁။ ဒေါက်တာခင်နှင်းရီ ပါမောက္ခ (ဌာနမှူး)
၂။ ဒေါက်တာ‌မောင်မောင်စိုး ပါမောက္ခ 
၃။ ဒေါ်ထားထားဝေ တွဲဖက်ပါမောက္ခ 
၄။ ဒေါက်တာဦးနီလာထွန်း တွဲဖက်ပါမောက္ခ 
၅။ ဒေါက်တာမို့အိသိန်း တွဲဖက်ပါမောက္ခ 
၆။ ဒေါက်တာခင်မော်စိုး တွဲဖက်ပါမောက္ခ 
၇။ ဦးတင်ကိုကိုဇင် ကထိက
၈။ ဒေါက်တာဌေးဌေးမြင့် ကထိက
၉။ ဒေါ်ရွှန်းလဲ့၀င့်ဝါမြင့် ကထိက