HOT LINE: +95 2 4061124, + 95 9 33039977

                                                   

 

ဘာသာဗေဒဌာန

 

ဘာသာဗေဒ ဘာသာရပ်မိတ်ဆက်

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဘာသာဗေဒဘာသာရပ်သည် လက်ရှိသင်ကြားနေသည့် နိုင်ငံခြားဘာသာစကား(၈)ခုတွင် အထောက်အကူပြုဘာသာရပ် ဖြစ်သော်လည်း ဘာသာစကား သင်ကြားရေးနှင့် ဘာသာစကားသုတေသနများအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်သောကြောင့် ဝိဇ္ဇာဘွဲ့ကြိုတန်းများတွင် ပညာသင်ကာလနှစ်ခုလုံးနှင့် မဟာဝိဇ္ဇာသင်တန်းများ တွင်သင်ကြားပို့ချပေးရသည့် ဘာသာရပ်တစ်ခုဖြစ်ပါသည်။ ဝိဇ္ဇာဘွဲ့ကြိုတန်းတွင် ပထမပညာသင် ကာလ၌ ဘာသာစကား၏ ဝိသေသလက္ခဏာကို ဦးစွာမိတ်ဆက်ပြီး အထွေထွေဘာသာဗေဒ လေ့လာမှုရှိ Grammatical domain မှ Morphology ပိုင်းကိုအဓိကသင်ကြားပါသည်။ သဒ္ဒဗေဒတွင်လည်း စကားသံသဘောတရားနှင့် ပတ်သက်၍ ဦးစွာမိတ်ဆက်ပြီး အသံအရည်အသွေး(၄)မျိုးကိုလည်းကောင်း၊ စကားသံများခွဲခြားခြင်း နှင့် ပတ်သက်၍လည်းကောင်း၊ သဒ္ဒဗေဒသံရင်းလှယ်စနစ်အကြောင်း တို့ကိုလည်းကောင်းသင်ကြားပို့ချလျက်ရှိပါသည်။

ဒုတိယပညာသင်ကာလတွင် သဒ္ဒါပိုင်းမှကျန်ရှိသည့် ဝါကျဖွဲ့စည်းပုံပိုင်းကို ဆက်လက် သင်ကြားပြီး ဝါကျကိုလက်တွေ့ ခွဲခြမ်းစိတ်ဖြာခြင်းကို ပြုလုပ်စေပါသည်။ ဆက်လက်၍ အနက်အဓိပ္ပာယ် လေ့လာမှုနှင့် ပတ်သက်ပြီး အတ္ထဗေဒ၊ လက်တွေ့အတ္ထဗေဒ၊ စကားစဉ်လေ့လာမှု၊ လူမှုဘာသာဗေဒ အစရှိသည့်ဘာသာဗေဒ ပညာရပ်ခွဲများကို မိတ်ဆက်သင်ကြားပေးပါသည်။ စကားသံပိုင်းနှင့် ပတ်သက်၍ဒုတိယပညာသင်ကာလတွင် မြန်မာဗျည်းတစ်ခုချင်း ဌာန်ကရိုဏ်း တို့ကိုအခြေခံ၍ ခွဲခြမ်းစိတ်ဖြာပြခြင်း စကားသံဖွဲ့စည်းပုံအကြောင်းကို သင်ကြားခြင်း၊ ဝဏ္ဏဖွဲ့စည်းပုံ များကို သင်ကြားပေးခြင်း သက်ဆိုင်ရာဘာသာစကားအသီးသီး၏ စကားသံဖွဲ့စည်းပုံများကို လေ့လာစေပါသည်။ ပထမပညာသင်ကာလနှင့် ဒုတိယပညာသင်ကာလနှစ်ခုစလုံးတွင် သင်ခန်းစာ ပြီးမြောက်တိုင်း Workbook ဖြင့် လေ့ကျင့်ခန်းပြုလုပ်ပေး၍ ဘာသာရပ်သင်ကြားတတ်မြောက် အသုံးချတတ်မှုစွမ်းရည်ကို ဆန်းစစ်ပါသည်။

ဘွဲ့လွန်သင်တန်းများကို ပို့ချရာတွင် ဘာသာဗေဒနှင့်ပတ်သက်၍ သုတေသနဘက် ဦးတည်လျက် မိမိတို့ သက်ဆိုင်ရာဘာသာစကားများတွင် အထောက်အကူပြုရန် သင်ကြားပါသည်။ ဘာသာဗေဒသင်ကြားရေးတွင် သဒ္ဒါသီအိုရီများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းပြပြီး မိမိတို့ ဘာသာစကားများကို လေ့လာဆန်းစစ်စေပါသည်။ အနက်အဓိပ္ပာယ်လေ့လာမှုနှင့် ပတ်သက်၍ အတ္ထဗေဒ၊ လက်တွေ့အတ္ထဗေဒ၊ စကားစဉ်လေ့လာမှု၊ လူမှု့ဘာသာဗေဒ၊ စိတ်ဘာသာဗေဒ၊ အသုံးချဘာသာဗေဒ အစရှိသည် ပညာရပ်များကို သုတေသနရှုထောင့်မှ ဗဟိုပြု၍ အသေးစိတ် သင်ပေးပြီး နည်းပြတန်း စာမေးပွဲများအပြင် အုပ်စုလိုက် စာတမ်းဖတ်ကြားစေခြင်း၊ တစ်ဦးချင်း သုတေသနစာတမ်းရေးသားစေခြင်း အစရှိသည့် သင်ကြားပို့ချမှုပုံစံများဖြင့် ပို့ချလျက်ရှိပါသည်။ ထို့အတူ စကားသံဖွဲ့ပုံအပိုင်း၌လည်း အသေးစိတ်သင်ကြားလျက် သက်ဆိုင်ရာဘာသာစကားအလိုက် ပြန်လည်သုတေသနပြုစေခြင်းဖြင့် သင်ကြားပေးလျက်ရှိပါသည်။

ဘာသာဗေဒဌာနသည် ဖော်ပြပါကဲ့သို့ ကျောင်းသား၊ ကျောင်းသူများအား ဘာသာဗေဒ ပညာရပ်များကို သင်ကြားပို့ချပေးသည့်အပြင် ဘာသာစကားဌာနအသီးသီးရှိ ဆရာ၊ ဆရာမများ၏ ဘာသာစကားရှုထောင့်မှ သုတေသနစာတမ်းရေးသားမှုနှင့် ပတ်သက်၍လည်း ဦးဆောင်ပေးလျက် ရှိပါသည်။

 

ဌာန မိသားစုများ

 

စဉ် အမည် ရာထူး
၁။ ဒေါက်တာခင်မြတ်သွယ်  ပါမောက္ခ(ဌာနမှူး)
၂။ ဦးသိန်းထိုက်ဦး ကထိက