မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်
ကိုရီးယားဘာသာဆိုင်ရာ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနား (၃-၃-၂၀၂၀)
မန္တလေး မတ်(၃)
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကိုရီးယားဘာသာအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ အတွေ့အကြုံရှင်းလင်းပွဲနှင့် ဟောပြောပွဲ အခမ်းအနားကို (၃-၃-၂၀၂၀)ရက်နေ့ နံနက်(၉)နာရီ (၃၀)မိနစ်တွင် အဆိုပါတက္ကသိုလ် သီရိရတနာခန်းမ၌ ကျင်းပခဲ့ရာ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ စီမံအရာရှိကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ကိုရီးယားဘာသာဌာန ပါမောက္ခ(ဌာနမှူး) ဒေါ်ချောချောသူက အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက ပရဟိတလုပ်ဆောင်မှု အတွေ့အကြုံရှင်းလင်းပြောကြားခြင်း၊ ကိုရီးယားဘာသာ စကားနှင့် ဘာသာပြန်စကားပြန်များအတွက် လိုအပ်ချက်များ ဟောပြောခဲ့ကြောင်း သတင်းရရှိသည်။